မောက္ကတော်ဘိနယ်အတွင်း တရား မဝင် ကျွန်း/ အင်/ ကညင်/ သစ်ယာ သစ်/ခွဲသား ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၁၀၁.၂၉၅၁)တန်၊ သစ်မာ (၄၁.၀၁၂၄)တန်၊ အခြား(၂၃၀.၃၃၁၃)တန်၊ စုစုပေါင်း (၃၇၂.၆၃၈၈)တန်၊ တရားခံ (၆၅)ဦး၊ ယာဉ်/ယန္တရား(၃၇)စီးဖမ်းဆီးရမိခဲ့ပါကြောင်း၊ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၂-၈-၂၀၁၈ ရက်နေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မောက္ကတော်ဘိနယ်အတွင်း တရား မဝင် ကျွန်း/ အင်/ ကညင်/ သစ်ယာ သစ်/ခွဲသား (၃၁၂)လုံး/ချောင်း (၅၁.၃၄၆၀)တန်ဖြစ်ပါကြောင်း။

date: 
Wednesday, August 29, 2018 - 10:00