ရာသီဥတုပြောင်းလဲမှုနှင့်အညီ ရပ်တည်နေထိုင်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်ခြင်း (FDCCA ) စီမံကိန်း၏ ကနဦးအလုပ်ဆွေးနွေးပွဲများ ကျင်းပ

ပင်လယ်ကမ်းရိုးတန်းဒေသနေ   ပြည်သူလူထုကရာသီဥတု  ပြောင်းလဲမှုနှင့် အညီ   ရပ်တည်နေထိုင်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်ခြင်း (FDCCA ) စီမံကိန်း၏ ကနဦးအလုပ်ဆွေးနွေးပွဲကို  ရခိုပြည်နယ်၊  စစ်တွေခရိုင်၊  စစ်တွေမြို့ရှိ    Royal   Sittwe Hotel   ၌  ၂၁-၈-၂၀၁၈ (   အင်္ဂါနေ့  ) ကျင်းပပြုလုပ်ခဲ့ပြီး    စိုက်ပျိုးရေး၊ မွေးမြူရေး ၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးနှင့် သစ်တောဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် ကိုယ်စား  စီမံကိန်းနှင့်စာရင်းအင်းဌာနမှ  ၊  ညွှန်ကြားရေးမှူးဦးတင်ထွန်းမှ တက်ရောက်အဖွင့်အမှာစကား  ပြောကြားခဲ့ပါသည်။ စီမံကိန်း ကနဦး  အလုပ်ရုံဆွေးနွေးပွဲကို  စီမံကိန်းနှင့်  ပတ်သက်၍  ပြည်နယ်အစိုးရအဖွဲ့များ၊  ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊  ဒေသခံပြည်သူများအား စီမံကိန်းတွင် လုပ်ဆောင်မည့်လုပ်ငန်းစဉ်များအား   အသိပေးရန်နှင့် စီမံကိန်းနှင့်   ပတ်သက်၍ အကြံပြု ဆွေးနွေးနိုင်ရန်ရည်ရွယ်၍အလုပ်ရုံဆွေးနွေးပွဲအား  ကျင်းပခြင်း ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့   ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသအာဏာပိုင်များ၊  ဒေသခံပြည်သူများစုစုပေါင်း လူဦးရေ (၄၅)ဦးတက်ရောက်ခဲ့ပါသည်။    ဆက်လက်၍   “    ပင်လယ်ကမ်းရိုးတန်းဒေသနေပြည်သူလူထုက ရာသီဥတုပြောင်းလဲမှုနှင့်  အညီ  ရပ်တည်နေထိုင် နိုင်ရန်အတွက်   ဒီရေရောက် သစ်တောများကို စနစ်တကျ   စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း (FDCCA ) ” စီမံကိန်း၏ကနဦး  အလုပ်ဆွေးနွေးပွဲကိုရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊  ကျောက်ဖြူမြို့ရှိ  Varanathi Hotel ၌    ၂၄-၈-၂၀၁၈ (သောကြာနေ့)တွင် ကျင်းပပြုလုပ်ခဲ့ပြီး    ရခိုင်ပြည်နယ်၏  စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးနှင့်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ စီမံကိန်းကနဦးအလုပ်ရုံဆွေးနွေးပွဲကို  စီမံကိန်းနှင့်  ပတ်သက်၍  ပြည်နယ်အစိုးရအဖွဲ့များ   ၊  ဌာနဆိုင်ရာအဖွဲ့အစည်းများ  ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊  ဒေသခံပြည်သူများအား  စီမံကိန်းတွင်   လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအားအသိပေးရန်နှင့် စီမံကိန်းနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးနိုင်ရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပခြင်း ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ ၊  ဒေသအာဏာပိုင်များ၊  ဒေသခံပြည်သူများစုစုပေါင်း လူဦးရေ (၁၂၀)ဦးတက်ရောက်ခဲ့ပါသည်။

 

date: 
Thursday, August 30, 2018 - 11:30