ဝန်ထမ်းများ ဆန္ဒထုတ်ဖော်ပွဲကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင် (၃၁-၈-၂၀၁၈) ရက်နေ့၊ နေ့လယ်(၁းဝ၀)နာရီအချိန်၌ ဝန်ထမ်းများ ဆန္ဒထုတ်ဖော်ပွဲကျင်းပခဲ့ပါသည်။  အဆိုပါ ဝန်ထမ်းများဆန္ဒထုတ်ဖော်ပွဲသို့ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဝန်ထမ်းများ၊ သစ်တောသုတေသနဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ဆန္ဒသဘောထားများကို တင်ပြခဲ့ပါသည်။ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော်မှ ဝန်ထမ်းများ၏ တင်ပြချက်အပေါ် ပြန်လည်ဆွေးနွေးရာတွင် (၆)လတာဘတ်ဂျက်ကာလအတွင်း ဝန်ထမ်းများရာထူးတိုးပေးခြင်း၊ ဝန်ထမ်းသစ်များခန့်အပ်ခြင်း၊ ဝန်ထမ်းတွေ သက်သောင့်သက်သာရှိစေရန် တိုးချဲ့ဆောင်အသစ် ဆောက်လုပ်ပေးခြင်းများဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး ဝန်ထမ်းများ ခန့်အပ်နိ်ုင်ရန်၊ ရာထူးအဆင့်အတန်းများ တိုးမြှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများ ကျန်းမာရေးဂရုစိုက်ရန်နှင့် စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များအား ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

date: 
Friday, August 31, 2018 - 15:15