Drone ရိုက်ကူးအသုံးပြုခြင်းသင်တန်းနှင့် Global Mapper နှင့် ArcGIS Software များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်းဆင်းပွဲအခမ်းအနား

Drone ရိုက်ကူးအသုံးပြုခြင်းသင်တန်းနှင့် Global Mapper နှင့် ArcGIS Software များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို ၃၁-၈-၂၀၁၈ ရက်နေ့၊ နေ့လည်(၂:၃၀)အချိန်၌ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ(ရေဆင်း)တွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တင်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဌာနဆိုင်ရာ အရာရှိကြီးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ၊ သုတေသီများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

date: 
Friday, August 31, 2018 - 15:45