ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီးပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှအတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကိုကျင်းပပြုလုပ်

၁-၁၀-၂၀၁၈ ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီ အစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဦးနေလင်းထွန်း(တောအုပ်ကြီး)စီမံကိန်းနှင့် စာရင်းအင်းဌာနက အီတလီနိုင်ငံ (မြန်မာနိုင်ငံ၏ သစ်တောသယံဇာတ စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးညှိုနှိုင်းမည့်အစည်းအဝေး )တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း၊  ဦးလှမျိုးအောင်(လက်ထောက်ညွှန်ကြားရေးမှူး)သစ်တောသုတေသနဌာနက  အမေရိကန်နိုင်ငံတွင် တက်ရောက်ခဲ့သည့် (Natural Capital Symposium) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးအောင်ဆန်း(လက်ထောက်ညွှန်ကြားရေးမှူး) ဝန်းကျင်သားငှက်ဌာနက လာအိုနိုင်ငံတွင်ကျင်းပခဲ့သည့် (ASEAN Working Group on CITES and Wildlife Enforcement-AWG CITES and WE) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း ဒေါ်ဆွေဆွေထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)သစ်တောသုတေသနဌာနက နီပေါနိုင်ငံတွင် (Expert Consultation Workshop on Hindu Kush Himalayan Mountain Sils) အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟု သုတများကိုရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွ က်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

date: 
Tuesday, October 2, 2018 - 14:45