သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာအခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချ

သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)တို့ပူးပေါင်း၍ ပုပ္ပါးတောင် ဥယျာဉ်၌ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ်(၁) ကို သဘာဝ ထိန်းသိမ်းရေးနယ်မြေများမှ သင်တန်းသား(၂၀)ဦးဖြင့် ၄-၆-၂၀၁၈ ရက်နေ့မှ ၁၃-၇-၂၀၁၈ ရက်နေ့အထိ (၆)ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး ဖြစ်ပါသည်။

       သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ်(၂) ကို သင်တန်း သူ/သား (၂၅)ဦးဖြင့် ၃-၉-၂၀၁၈ ရက်နေ့မှ ၁၂-၁၀-၂၀၁၈ ရက်နေ့အထိ (၆)ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းဆင်းပွဲကို ၁၂-၁၀-၂၀၁၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပါသည်။

၃။        သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံသင်တန်း တွင် ဌာနတွင်း နည်းပြ များ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) မှ နည်းပြများနှင့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့(WWF)မှ နည်းပြများဖြင့် အောက်ဖော်ပြပါ ဘာသာရပ် (၁၀) ခုကို စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်-

            (၁)    မြေပုံဖတ်နည်း၊ GPSကိုင်တွယ်အသုံးပြုနည်း၊ ကွင်းဆင်းပစ္စည်းများ ထိန်း သိမ်းနည်း

            (၂)    ဂေဟစနစ်များအကြောင်း

            (၃)    နယ်နိမိတ်တိုင်းတာစစ်ဆေးခြင်းနှင့် နယ်နိမိတ်အမှတ်အသားပြုလုပ်ခြင်း

            (၄)    ကင်းလှည့်ထိန်းသိမ်းခြင်း

            (၅)    မျိုးစိတ်ခွဲခြားခြင်း၊ ကွင်းဆင်းစာရင်းကောက်ယူခြင်း

            (၆)    သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ဖွဲ့စည်းခြင်း

            (၇)    သဘာဝအရင်းအမြစ်များနှင့် နေရင်းဒေသများ ဖော်ထုတ်ခြင်း

            (၈)    ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ

            (၉)    ပြည်သူ့ဆက်ဆံရေးနှင့် အသိပညာပေးရေးလုပ်ငန်း

            (၁၀)ကိုယ်လက်ကြံ့ခိုင်ရေးနှင့် အခြေခံစစ်ရေးပြ(လက်နက်မဲ့)

                    

 

date: 
Wednesday, October 17, 2018 - 09:45