နေပြည်တော်ကောင်စီနယ်မြေနှင့် ရှမ်းပြည်နယ်တို့အတွင်း တရားမဝင်ကျွန်း/ သစ်မာ/ အခြား/ ပိတောက်သစ်/ ပိတောက်စကွဲယား ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၇၁.၃၆၃၅)တန်၊ သစ်မာ(၁၃၀.၉၀၅၁) တန်၊ အခြား(၅၆.၀၂၁၃)တန်၊ စုစုပေါင်း(၂၅၈.၂၈၉၉)တန်၊ တရားခံ(၄၅)ဦး၊ ယာဉ်/ ယန္တရား(၃၉)စီ ဖမ်းဆီးရမိခဲ့ပါကြောင်း၊

     ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ် ခရိုင်၊ မိုင်းဆတ်မြို့၊ မိုင်းခုတ်ဘိနယ်၊ (၁၄)မိုင်ခန့်အကွာ၊ မိုင်းဆတ်- မိုင်းခုတ်သွားကား လမ်းဘေး မြောက်ဘက်(၂၃)ကီလိုမီတာအကွာမှ တရားမဝင် ပိတောက်စကွဲယား (၁၇၉)တုံး (၃၄.၈၃၈၂)တန် ဖမ်းဆီးရမိခဲ့ပါကြောင်း။

 

date: 
Friday, October 26, 2018 - 14:15