နေပြည်တော်ကောင်စီနယ်မြေနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်း တရားမဝင်ကျွန်း/ သစ်မာ/ အခြား/ ပျဉ်းကတိုးခွဲသား၊ အင်ခွဲသား၊ ယာဉ်(၄)စီးတို့အား ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၃၇.၂၅၀၆)တန်၊ သစ်မာ(၆၀.၃၄၁၄)တန်၊ အခြား(၆၇.၅၀၁၂)တန်၊ စုစုပေါင်း(၁၆၅.၀၉၃၂)တန်၊ တရားခံ(၂၆)ဦး၊ ယာဉ်/ ယန္တရား(၁၇)စီ ဖမ်းဆီးရမိခဲ့ပါကြောင်း၊

           ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး ခရိုင်၊ ကလေးဝမြို့နယ်၊ မြို့မဘိနယ်၊ ကလေးဝ- မော်လိုက်ကားလမ်း(၃/၇)မိုင်မှ အနောက်ဘက်(၁)ဖာလုံခန့်အကွာတွင် တရားမဝင် ပျဉ်းကတိုးခွဲသား(၄၂)ချောင်း (၁.၅၅၀၀) တန်၊ အင်ခွဲသား(၁၅၁)ချောင်း (၂၇.၁၆၃၈)တန်၊ ယာဉ်(၄)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါကြောင်း။

 

date: 
Tuesday, October 30, 2018 - 09:45