မြန်မာနိုင်ငံသစ်တောကျောင်း ၂၀၁၈-၂၀၁၉ခုနှစ်၊ အခြေခံသစ်တောပညာအထူး(၃)လသင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနား

ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ၂၀၁၈-၂၀၁၉ခုနှစ်၊ အခြေခံသစ်တောပညာ အထူး(၃)လသင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ နို၀င်ဘာလ (၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပခဲ့ပါ သည်။

           သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးဇော်မင်း တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကား ပြောကြား ခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းထွန်း၊ မန္တလေး တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်ဆွေ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ဦးစီးရုံးချုပ်၊ပုသိမ်ကြီးမှ ညွှန်ကြားရေးမှူး (အင်/ယာ)ဦးမောင်မောင်အေး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသ ကြီးမှ ညွှန်ကြားရေးမှူး ဦးကျော်မိုးအောင်၊ ၊ ပြင်ဦးလွင်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သစ်တော ဦးစီးဌာနမှ ခရိုင်/ မြို့နယ်အဆင့် တာ၀န်ခံများ၊ မြန်မာနိုင်ငံသစ်တောကျောင်းမှ ကျောင်းအုပ်ကြီး နှင့် သင်တန်းဆရာများ၊ ၀န်ထမ်းများနှင့် သင်တန်း သား(၆၀)ဦး၊ စုစုပေါင်း(၉၄)ဦး တက်ရောက် ခဲ့ကြပါသည်။

            သင်တန်းဖွင့်ပွဲအခမ်းအနားအပြီးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးဇော်မင်းနှင့်အတူ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသားများ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး လ္ဘက်ရည်၊ မုန့်များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။

            မြန်မာနိုင်ငံသစ်တောကျောင်း၊ ၂၀၁၈-၂၀၁၉ခုနှစ်၊ အခြေခံသစ်တောပညာအထူး(၃)လ သင်တန်းတွင် သစ်တောဦးစီးဌာနမှ (၅၅)ဦးနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ (၅) ဦး၊ စုစုပေါင်း(၆၀)ဦးတက်ရောက်လျက်ရှိပါသည်။

 

 

 

date: 
Tuesday, November 6, 2018 - 15:15