တရားမဝင် ကျွန်း၊ သစ်မာ၊ အခြား၊ ကညင်သစ်/ခွဲသား တရားခံ(၂၀)ဦးနှင့် ယာဉ်/ယန္တရား(၂၅)စီး ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း(၆၄.၁၁၉၂)တန်၊ သစ်မာ (၃၄.၅၈၅၄)တန်၊ အခြား(၅၅.၃၂၄၆)တန်၊ စုစုပေါင်း (၁၅၄.၀၂၉၂)တန်၊ တရားခံ(၂၀)ဦး၊ ယာဉ်/ ယန္တရား(၂၅)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ မဟာမြိုင်ဘိနယ်၊ အောင်ချမ်းသာ-ကြွေသွားလမ်းနေရာတွင် ကညင်သစ်/ခွဲသား (၁၈၃) လုံး(၂၂.၂၆၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

 

 

date: 
Thursday, November 29, 2018 - 14:00