တရားမဝင်ကျွန်း/ သစ်မာ/ အခြား/ ယာဉ်ယန္တရား တို့အားဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၅၄.၆၄၄၆)တန်၊ သစ်မာ(၅၂.၂၉၁၀) တန်၊ အခြား(၅၆.၇၆၅၀)တန်၊ စုစုပေါင်း(၁၆၃.၇၀၀၆)တန်၊ တရားခံ(၃၂)ဦး၊ ယာဉ်/ ယန္တရား(၅၂)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ပလုံးဘိနယ်၊ ဥက္ကံကြိုးဝိုင်းအကွက်(၈၉) နေရာ တွင် တရားမဝင် အခြားသစ် (၃၉)လုံး (၁၇.၇၃၄၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ ခဲ့ပါကြောင်း။

date: 
Tuesday, December 4, 2018 - 14:00