တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား၊ သင်္ဂဒူခွဲသား၊ တရားခံ(၄၆)ဦးနှင့် ယာဉ်ယန္တရား(၂၇)စီး ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၁၀၅.၄၅၃၈)တန်၊ သစ်မာ(၈၆.၅၂၇၃) တန်၊ အခြား(၉၃.၈၁၇၄)တန်၊ စုပေါင်း(၂၈၅.၇၉၈၅)တန်၊ တရားခံ(၄၂)ဦး၊ ယာဉ်/ ယန္တရား(၂၅)စီးဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ကရင်ပြည်နယ်၊ ကော့ကျိုက် လမ်းဆုံအနီး၊ မြို့မဘိနယ်၊ ခမ မပည 94/H9 N-243372 နေရာ တွင် တရားမဝင် သင်္ဂဒူခွဲသားဆိုဒ်စုံ (၉၂၄)ချောင်း(၁၆.၃၂၅၆)တန်၊ ယာဉ်(၂)စီး အား တရားခံ (၄)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Tuesday, December 11, 2018 - 09:45