သစ်တောထိန်းသိမ်းရေးတိုးချဲ့ပညာပေးအစီအစဉ်များကျင်းပပြုလုပ်

အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း(AFoCO RETC)၏ ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ် အရ မှော်ဘီမြို့နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ကြား၍ သစ်တောထိန်းသိမ်းရေး တိုးချဲ့ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိပါသည်၊ ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ် ၏ တတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၌ မှော်ဘီမြို့နယ်၊ ကျောင်းပေါင်းစုံမှ ဆရာ/ ဆရာမ (၆၀)ဦးတို့မှ လာရောက် လေ့လာခဲ့ပါသည်၊ အစီအစဉ်အရ လေ့လာရေးခရီး လာရောက်ကြသည့် ဆရာ/ ဆရာမများမှ မှတ်ပုံတင် စာရင်းရေးသွင်းခြင်း၊ စုဝေးခန်းမတွင် သင်တန်းကျောင်းနှင့် ပတ်သက်သည့် နောက်ခံသမိုင်းနှင့် ဖွင့်လှစ်လျက် ရှိသည့် သင်တန်းများအကြောင်း၊ သစ်တောများအကြောင်း သိကောင်းစရာများနှင့် သစ်တော၏ အရေးပါပုံများအကြောင်းအား ဦးနေမျိုးဝင်း(ဦးစီးအရာရှိ)က ရှင်းလင်း ပြောကြားခြင်း၊ - အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့် ပညာပေး ရေး သင်တန်းကျောင်း (AFoCO RETC)တည်ထောင်ခြင်း စီမံကိန်းအကြောင်း အား ဒေါ်အိစန္ဒီဆက်(ဦးစီးအရာရှိ)က ရှင်းလင်းပြောကြားခြင်း၊ သင်တန်းကျောင်းနှင့် ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းဖိုင်အား Projector ဖြင့် ပြသ ခြင်း၊ လေ့ကျင့်ရေးသစ်တောသို့ သွားရောက်လေ့လာခြင်း၊ သင်တန်းကျောင်း ဝန်ထမ်းများက သစ်ပင်များ ပျိုးထောင်ခြင်း၊ မြေဆွေးရောစပ်ခြင်း၊ စိုက်ပျိုးသင့်သည့် အချိန်ကာလနှင့် သစ်ပင်စိုက်ပျိုးနည်း စနစ်များကို လက်တွေ့ ရှင်းလင်းပြသခဲ့ပြီး ဆရာ/ ဆရာမများက အဖွဲ့လိုက် သစ်ပင်များ လက်တွေ့ စိုက်ပျိုး ခြင်း၊ - အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

date: 
Thursday, January 17, 2019 - 10:45