တရားမဝင်ကျွန်းသစ်နှင့် ယာဉ်(၃)စီး ဖမ်းဆီးရမိ

၃-၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်၊ ဖောင်းကတော ကြိုးဝိုင်းအကွက် (၃)အတွင်း၌ စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုးမိတ်)ခမရ(၃၄၈)မှ မှူး/ဗက အောင်ဇော်ထက် ဦးစီးထုတ်နှုတ်(၁)စိတ်မှ တုံဖုန်း(၆)ဘီး(အပြာရောင်)ယာဉ်၊ တုံဖုန်း(၆)ဘီး(အစိမ်းရောင်) ယာဉ်နှင့် သရီးကရောင်း(၆)ဘီးအပြာရောင်ယာဉ်တို့ပေါ်မှ တရားမဝင်ကျွန်းသစ်စုစုပေါင်း(၃၆)လုံး (၆.၀၈၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဗျူဟာအဖွဲ့(အခြေချ) (မိုးမိတ်)ခမရ (၃၄၈)မှ ဖမ်းဆီးရမိယာဉ်(၃)စီးနှင့် သစ်များအား ဗိုလ်မှူးဟန်ဇော်ထွန်းမှ မိုးမိတ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့လွှဲပြောင်းပေးအပ်လာပါသဖြင့် ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 7, 2019 - 10:00