လွိုင်လင်မြို့နယ်အတွင်း မော်တော်ယာဉ်(၅)စီးနှင့် တရားမဝင်ပိတောက်သစ်/ဓါးရွေများ ဖမ်းဆီးရမိ

၅-၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးစိုးထွန်း၊ ခမရ(၅၁၆)မှ ဗိုလ်ကြီးမင်းဝေလွင်၊ အမှတ်(၁၅၂) ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးတင်ကျော်ထွေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းဘုတ်ကျေးရွာနှင့် ဝမ်ဟင်ကျေးရွာကြားနေရာနှင့် နမ့်စန်-ခိုလမ်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၂၁၁)အနီးနေရာတို့၌ NISSAN Diesel (၁၂)ဘီးယာဉ် (၅)စီးပေါ်မှ တရားမဝင်ပိတောက်သစ်/ဓါးရွေစုစုပေါင်း (၁၁၄)လုံး/ချောင်း (၆၁)တန်ခန့်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 8, 2019 - 13:00