တရားမဝင်သစ်မှောင်ခိုလှေ(၁)စီး၊ ပိတောက်/အခြားသစ်ဖမ်းဆီးရမိ

၅-၂-၂၀၁၉ ရက်နေ့တွင် စစ်ရေယာဉ်မှူး၊ ဗိုလ်မှူးဖြိုးမောင်မောင်ဝင်း ဦးစီး ကတယ(၄၂၃)သည် နယ်မြေသတင်းအရ နယ်မြေရှင်းလင်းဆောင်ရွက်စဉ် မုံဒုံမြို့နယ်၊ ကမာဝက်ချောင်းအတွင်း အလျား(၆၀)ပေခန့်၊ အနံ(၁၂)ပေခန့်၊ ရေစူး(၄)ပေခန့်၊ စက်မကြီး MITSUBUSHI (၄)လုံးထိုး(ဂီယာဘောက်နှင့်တွဲလျက်) အင်ဂျင်တပ်ဆင်ထားသော အမည်မရှိ တရားမဝင်သစ်မှောင်ခိုလှေ(၁)စီးအား ပိတောက်/အခြားသစ်ရောရာခန့်မှန်း(၁၀)တန်ခန့်နှင့်အတူ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပါသည်။ ပင်လယ်ထွက်ပေါက်များမှတစ်ဆင့် တရားမဝင်သစ်များခိုးထုတ် သယ်ဆောင်မှုမရှိစေရေး သစ်တောဦးစီးဌာန၊ တပ်မတော်(ရေ)နှင့် ဆက်စပ်ဌာနများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 8, 2019 - 13:15