ရေတာရှည်မြို့နယ်၊ ကျောက်မဆင်ကြိုးဝိုင်းနှင့် အောင်လံမြို့နယ် အရှေ့ရိုးမကြိုးဝိုင်းအတွင်းတို့မှ တရားမဝင် သစ်များဖမ်းဆီးရမိ

၅-၂-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သရက်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဆောင်သောအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျောက်မဆင်ကြိုးဝိုင်းနှင့် အောင်လံမြို့နယ်၊ အရှေ့ရိုးမကြိုးဝိုင်းအတွင်းတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား စုစုပေါင်း (၁၂၃)ချောင်း (၉.၆၆၃၈) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 8, 2019 - 14:15