ဂွမြို.နယ်၊ ဒေါင်းချောင်းကျေးရွာအုပ်စု၊ ဘူးခါးချောင်းဖျားအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့်သတင်းပေးပို့ချက် အရ ၇-၂-၂၀၁၉ ရက်နေ့ (၁၆:၄၅)နာရီအချိန်တွင် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကျော်မျိုးနိုင် နှင့်သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာသစ်လုပ်ငန်းမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ မြို့မမြို့ဖပြည်သူများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာအုပ်စု၊ ဘူးခါးချောင်း ဖျားအနီးဝန်းကျင်မှ တရားမဝင် တောင်သရက်ခွဲသား (၉၄)ချောင်း (၁၆.၂၀၉၀)တန်နှင့် မြေထိုးထွန်စက် (၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 13, 2019 - 10:45