ကြို့ပင်ကောက်မြို.နယ်၊ ရွာမမြောက်ရပ်ကွက်/ သဲကုန်းကြီးကျေးရွာ တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၂-၂၀၁၉ ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ်နှင့် မင်းလှမြို့နယ်သစ်တောဦးစီးဌာန တို့မှ ဦးစီးအရာရှိများ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက်အနီးဝန်းကျင်နှင့် သိုးဘိုကျေးရွာအုပ်စု၊ သဲကုန်းကြီးကျေးရွာ အနီးဝန်းကျင်တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အခြား သစ်/ခွဲသား စုစုပေါင်း (၇၉)လုံး/ချောင်း (၁၀.၇၄၉၄)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 13, 2019 - 11:00