ပဲခူးမြို.နယ်၊ ညောင်ခါးရှည်ကျေးရွာရှိ သစ်စက်ဝင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၂-၂၀၁၉ ရက်နေ့ (၁၃:၂၂)နာရီအချိန်တွင် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းရှုထောင့်မှ တိုင်းတွဲဘက်ဥက္ကဌ ပါ(၃)ဦးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ၊ (၉)လမ်းရှိ သစ်စက်ဝန်းအတွင်းတစ်ခုအတွင်းနှင့် အနီးတစ်ဝိုက်တို့မှ တရားမဝင် တောင်သရက်ခွဲသား/ဖရုံစိပ် စုစုပေါင်း (၃.၄၉၁၄)တန်၊ SKAT (၆)ဘီးအပြာရောင်(၁)စီး၊ သစ်စက်(၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအား တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ညောင်ခါးရှည်ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါသည်။

date: 
Wednesday, February 13, 2019 - 11:00