သံတွဲမြို.နယ်၊ ဆောင်ခေါင်းရွာ၊ မှိုဟင်းပြင်ချောင်းအနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၁၀-၂-၂၀၁၉ ရက်နေ့ (၁၇:၀၀)နာရီအချိန်တွင် သံတွဲခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးခင်မောင်လှိုင် ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာ တောင်ဘက်၊ မှိုဟင်းပြင်ချောင်းနံဘေး၊ မြောင်ပေါက်နေရာမှ တရားမဝင် ကညင်ခွဲသား ခန့်မှန်း(၁၅၀)ချောင်းခန့် (၃၀)တန်ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 13, 2019 - 11:15