တိုက်ကြီးမြို.နယ်၊ ရန်ကုန်-ပြည်ကားလမ်းနှင့် ရင်းတိုက်ကွင်းကျေးရွာထိပ် တို့တွင် ကား(၂)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၂-၂၀၁၉ နှင့် ၉-၂-၂၀၁၉ ရက်နေ့တို့တွင် တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်၊ သစ်တောဦးစီးဌာနတို့မှ ဦးစီးအရာရှိများ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်း၊ မိုင်တိုင်အမှတ်(၇၀/၆)၊ ZTH ဆီဆိုင်အနီး၊ ပြည်လမ်းဘေးနှင့် ရင်းတိုက်ကွင်းကျေးရွာ ရွာထိပ်နေရာတို့တွင် ယာဉ်(၂)စီး(ယာဉ်အမှတ်၊ YGN-2B/6099 နှင့် YGN-5M/2048)ပေါ်မှ တရားမဝင် ကျွန်းသစ်/ခွဲသား/ယောင်ခြမ်း (၂၈၃)လုံး (၁၂.၆၀၉၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 14, 2019 - 10:45