မော်လိုက်မြို.နယ်အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၂-၂၀၁၉ နှင့် ၆-၂-၂၀၁၉ ရက်နေ့တို့တွင် ကလေးဝမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးအောင် ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် မော်လိုက်မြို့နယ်အတွင်း ဝေလောင်ချောင်းဘေး၊ နန့်ဖန်ခါးကြိုးဝိုင်းနှင့် ကိုးတန်ချောင်းဘေးနေရာတို့မှ တရားမဝင် တမလန်းသစ်/ခွဲသား (၅၈)လုံး/ချောင်း (၁၁.၄၃၁၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, February 14, 2019 - 10:45