ပုသိမ်မြို.နယ်၊ မြင်းချောင်းကျေးရွာ၊ ဦးတင့်ဝေ၏သစ်စက်ဝန်းနှင့် ဦးထွန်းထွန်းဦး ၏ ခြံဝန်းအတွင်းတို့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၁၁-၂-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပုသိမ်မြို့နယ်၊ မြင်းချောင်းကျေးရွာ ဦးတင့်ဝေ၏သစ်စက်ဝန်းအတွင်း၊ သစ်ပုတ်ကုန်းကျေးရွာ၊ ဦးထွန်းထွန်းဦး ခြံဝန်းအတွင်းနှင့် ငဝန်မြစ်ကမ်း ဘေး ပဲ့ထောင်(၁)စီးပေါ်တို့မှ တရားမဝင် ဘောင်ဆန့်/ လုံးပတ်၃ပေအောက်ဘောင်ဆန့် သစ်/ခွဲသား စုစုပေါင်း (၁၅၃၅)လုံး/ချောင်း (၁၆.၅၉၆၆)တန်၊ တရားခံ (၄)ဦး၊ အင်ဂျင် (၃)လုံး၊ လွှဝိုင်း (၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ပုသိမ်မြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိပါသည်။<

date: 
Thursday, February 14, 2019 - 11:15