နေပြည်တော်ကောင်စီနယ်မြေ/ ရန်ကုန်တိုင်းဒေသကြီး တို့တွင် တရားမဝင် ကျွန် အခြားသစ်ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း (၁၄၈.၈၂၅၂)တန်၊ သစ်မာ (၇၈.၅၇၀၈)တန်၊ အခြား (၁၇၀.၆၈၄၅)တန်၊ စုစုပေါင်း(၃၉၈.၀၈၀၅)တန်၊ တရားခံ(၄၃)ဦး၊ ယာဉ်/ယန္တရား(၄၈)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ မြို့မ(၂)နယ်မြေ၊ ရေအေးစမ်းဘိနယ်၊ သဲဝါကျေးရွာ၏အရှေ့ဘက်၊ ချင်းကုန်း ရွာ၏တောင်ဘက်၊ စဉ့်ကူးရွာ၏မြောက်ဘက်နေရာမှ တရားမဝင် အခြားသစ် (၁၃၀)လုံး/ခြမ်း (၄၅.၂၀၀၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Thursday, February 14, 2019 - 14:45