ပဲခူးမြို့နယ်တွင် တရားမဝင် သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၂-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဦးစီး အရာရှိ၊ ရွှေကျင်နှင့် ညောင်လေးပင် မြို့နယ်ဦးစီးမှုများနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောရဲတို့ ပါဝင်သော ခရိုင်စစ်ကြောင်း ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ တောင်ဇာမရီကြိုးဝိုင်းနှင့် မြောက်ဇာ မရီကြိုးဝိုင်းများအတွင်း တရားမဝင်သစ် ရှာဖွေဖမ်းဆီးခြင်းဆောင်ရွက်ရာ ကျွန်းခွဲသား(၂၅) တန် ကျော်နှင့် ပေါင်(၉၀)ဝင် မီးသွေးအိတ်(၂၉၀)အိတ်တို့အား ဖမ်းဆီးရမိခဲ့ပြီး၊ လုံခြုံရာသို့ သယ်ယူ ပြီးပါကြောင်း တင်ပြအပ်ပါသည်။

date: 
Friday, February 15, 2019 - 11:45