ပဲခူးမြို.နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆.၂.၂၀၁၉ရက်နေ့၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးနှင့်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၄၆/၆)နှင့် (၄၆/၇)ကြားတွင် ယာဉ်အမှတ် MDY-7L/4753 (Mitsubishi ၄ဘီး အဖြူရောင်)ယာဉ်ပေါ်နှင့် ယာဉ်အနီးမှ တရားမဝင် ကျွန်းခွဲသား (၂၃)ချောင်း (၁.၇၄၆၆)တန် နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, February 20, 2019 - 10:00