မိုးမိတ်မြို့နယ်၊ မိုင်းနင်းကျေးရွာအနီးဝန်းကျင်မှ တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ

၁၈.၂.၂၀၁၉ရက်နေ့တွင် အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ မိုးမိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအဖွဲ့နှင့် တပ်မတော်တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ မိုင်းနင်းကျေးရွာ အနီးဝန်းကျင်မှ တရားမဝင် ကျွန်းသစ် စုစုပေါင်း(၁၇၉)လုံး၊ (၃၆.၉၁၀) တန်အားပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 20, 2019 - 11:15