ပုသိမ်ကြီးမြို့နယ်၊ ၁၆မိုင်စစ်ဆေးရေးစခန်းတွင် တရားမဝင်သစ်များ တင်ဆောင်လာသော ယာဉ်တစ်စီး ဖမ်းဆီးရမိ

၁၉.၂.၂၀၁၉ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအဖွဲ့နှင့် အကောက်ခွန် ဦးစီးဌာနမှဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် (အတက်၊ အလယ်)ကားလမ်း၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် ယာဉ်အမှတ်MDY-GG/8860 (AD Van အဖြူရောင်)ယာဉ်အား စစ်ဆေးရာ တရားမဝင် တမလန်းဓါးရွေ(၇)တုံး (၀.၂၁၂၄) တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အုန်းချောနယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 21, 2019 - 11:00