အပင်မျိုးစုံမျိုးကွဲလေ့လာခြင်း သုတေသနလုပ်ငန်းပူးပေါင်းဆောင်ရွက်ရန်နှင့် သစ်တောသုတေသန ဌာနရှိပန်းပုံစံပြတိုက်အဆာက်အဦ အဆင့်မြင့်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းကိစ္စများ၊ scientific publication ကိစ္စများအားလာရောက် ဆွေးနွေ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ (၂၁-၂-၂၀၁၉)ရက်နေ့၊ နံနက်(၁၀:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား ဂျပန်နိုင်ငံ၊ မာကီနိုရုက္ခဗေဒဥယျာဉ်မှ Director General Dr.Hajime Mizukami မှ လာရောက်တွေ့ဆုံ၍ FD-MBK အပင်မျိုးစုံမျိုးကွဲလေ့လာခြင်း သုတေသနလုပ်ငန်းပူးပေါင်းဆောင်ရွက်ရန်နှင့် သစ်တောသုတေသန ဌာနရှိပန်းပုံစံပြတိုက်အဆာက်အဦ အဆင့်မြင့်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းကိစ္စများ၊ scientific publication ကိစ္စများအားလာရောက်ဆွေးနွေးခဲ့ပါသည်။

date: 
Friday, February 22, 2019 - 11:15