ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်းတွင် ဆီဘောက်ဆာအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၂-၂၀၁၉ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှောင်လမ်းဘေးရှိ ယာဉ်အမှတ်YGN-9M/2046 တွဲကား(ဆီဘောက်ဆာ)အတွင်းမှ တရားမဝင် တမလန်း/ပိတောက်ဓါးရွေ (၄၇)တုံး (၈.၀၈၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, February 27, 2019 - 13:30