လပွတ္တာမြို့နယ်၊ ပြာမလော့မြစ်အတွင်း စက်လှေပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၂-၂၀၁၉ ရက်နေ့တွင် ကမ်းခြေစောင့်ရေယာဉ်(၄၀၅)မှ ဗိုလ်ကြီးတင်ကိုထွန်း၊ သစ်တောဝန်ထမ်း(၁)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လပွတ္တာ မြို့နယ်၊ ထုံးဘူးကျအဝစုကျေးရွာအနီး၊ ပြာမလော့မြစ်အတွင်းရှိ စက်လှေ(၁)စီးပေါ်မှ တရားမဝင် သစ်ပုတ်/ လက်ပံ/ဘောင်ဆန့်/မအူ/ဒီးဒူ ခွဲသား (၇၄၈)ချောင်း (၈.၄၂၇၂)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဘီတွဒ်ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, February 28, 2019 - 09:45