ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာအနီး တရားမဝင်ကျွန်းခွဲသားများဖမ်းဆီးရမိ

၁၃-၃-၂၀၁၉ ရက်နေ့တွင်ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သစ်တောဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာ မြောက်ဘက် ဘုရားကုန်းအနီးနေရာ၌ တရားမဝင်ကျွန်းခွဲသား(၆၅၁)ချောင်း(၃၂.၀၁၇၂)တန်အား ဖမ်းဆီးရမိပြီး၊ ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 18, 2019 - 15:45