ဖြူးမြို့နယ်၊ ကွန်းချောင်းဆည် ရေဝပ်ဧရိယာအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၃-၂၀၁၉ ရက်နေ့၊ သစ်တောဦးစီးဌာန၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖြူးမြို့နယ်၊ ကွန်းချောင်းဆည် ရေဝပ်ဧရိယာ၊ ဒေသအခေါ် ချောက်မြောင်နေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုးခွဲသား (၁၀၈)ချောင်း (၈.၉၀၆၂)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 22, 2019 - 12:45