ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တာဝန်ရှိသူများအား Mrs. Karin Eberhardt ၊ Development Advison Swiss Agency for Development and Cooper ation မှလာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၅-၃-၂၀၁၉ ရက်နေ့ နံနက်(၁ဝ:ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တာဝန်ရှိသူများအား Mrs. Karin Eberhardt ၊ Development Advison Swiss Agency for Development and Cooperation မှ လာရောက်တွေ့ဆုံ၍ နောင်လာမည့် (၇)နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂ (EU)၏ အထောက်အပံ့ဖြင့် ဆောင်ရွက်နိုင်မည့် ဇီ၀မျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာ၀သယံဇာတအရင်းအမြစ် များအား စဉ်ဆက်မပြတ် စီမံအုပ်ချုပ်မှုဆိုင်ရာ အထောက်အပံ့ အစီအစဉ်များအတွက် ဉီးစားပေးလုပ်ငန်းများ၊ အခွင့်အလမ်းများနှင့် လက်ရှိဆောင်ရွက်နေမှုများမှ လိုအပ်ချက် များနှင့် ပတ်သက်၍ ပဏာမဆွေးနွေးမှု(Scoping Study) ပြုလုပ်ရန်ကိစ္စများအား လာရောက် ဆွေးနွေးခဲ့ပါသည်။

date: 
Monday, March 25, 2019 - 11:30