မဘိမ်းမြို့နယ်၊ နမ့်ဟွန်ကျေးရွာအနီးဝန်းကျင်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁.၃.၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ နမ့်ဟွန်ကျေးရွာအနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၂၁၉၇) လုံး/ချောင်း (၉.၄၅၅၄)တန်၊ အင်ဂျင်(၁)လုံး၊ ဒိုင်နမို(၁)လုံး၊ လွှဝိုင်း(၄)ချပ်၊ သစ်ဖြတ်မော်တာ(၁)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 25, 2019 - 13:30