ဗန်းမောက်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာဝန်းကျင်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄.၃.၂၀၁၉ ရက်နေ့ ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ဝန်းကျင်နှင့် ညောင်ခြေထောက်အဆိုပြုကာကွယ်တော၊ တုံးလှော်ရွာအနီးတို့မှ တရားမဝင် ကျွန်း/အင် သစ်လုံး/ခွဲသား စုစုပေါင်း (၂၃၄)လုံး/ချောင်း (၂၃.၇၇၆၈)တန်၊ လီဖန်း(၆)ဘီးယာဉ်(၁)စီး၊ 125ဆိုင်ကယ်(၂)စီး တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

date: 
Friday, March 29, 2019 - 11:30