လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၌ တရားမဝင်သစ်များနှင့်ယာဉ်တစ်စီး ဖမ်းဆီးရမိ

၃၀.၃.၂၀၁၉ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ် (၀/၅)နှင့် (၀/၆)ကြားနေရာမှ ယာဉ်အမှတ် 7I/5262 (Alphard ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၃၃)ချောင်း (၁.၄၄၈၆)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 2, 2019 - 14:30