အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာအုပ်စု၊ ဗျံဒီရွာလမ်းပေါက်အနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၁၃-၅-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာအုပ်စု၊ ဗျံဒီရွာလမ်းပေါက်အနီးနေရာတွင် မော်တော်ယာဉ်အမှတ်မပါ (FAW) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးသစ်/ခွဲသား (၃၀) လုံး/ချောင်း (၄.၀၂၈၀)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 15, 2019 - 11:45