ဆိပ်ဖြူမြို့နယ်၊ မြို့အဝင်လမ်းအသုံးပြုခကောက်ခံရေးဂိတ်အနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၁၉-၅-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ မြို့အဝင်လမ်းအသုံးပြုခကောက်ခံရေးဂိတ်အနီးတွင် မော်တော်ယာဉ်အမှတ်(1M/2880) MITSUBUSHI CANTER ယာဉ်ပေါ်မှ တရားမဝင်သစ်မာ/အခြားသစ်/တိုင်/ခွဲသား (၁၇၈) လုံး/ချောင်း (၃.၂၀၅၈)တန်၊ ထွန်တံ(၁၆)ချောင်း ယာဉ်(၁)စီးနှင့် အတူ တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 21, 2019 - 11:15