ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းဆည်အတွင်း တရားမဝင်သစ်စက်(၂)လုံး၊ စက်လှေ(၁)စီး၊ ထော်လာဂျီ(၁)စီးနှင့် တရားမဝင်သစ်/ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး/လက်ထောက်ညွှန်ကြားရေးမှူးတို့၏ သတင်းချပြချက်ဖြင့် ၁၃-၅-၂၀၁၉ ရက်နေ့တွင် ကလောမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းဆည်အတွင်း တရားမဝင်သစ်စက်(၂)လုံး၊ ချိန်းစော(၅)လုံး၊ စက်လှေ(၁)စီး၊ ထော်လာဂျီ(၁)စီးနှင့် တရားမဝင်စကားဝါ/ကညင်သစ်/ခွဲသား (၆၄၉)လုံး/ချောင်း (၂၃.၇၅၈၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 21, 2019 - 11:15