ပင်လည်ဘူးမြို့နယ်အတွင်း မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် တမလန်းဓါးရွေသစ်များ ဖမ်းဆီးရမိ

၂၂.၅.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လည်ဘူးမြို့နယ်၊ မလိန်းတုံးရွာ၏အရှေ့ဘက်(၃)ဖာလုံခန့်အကွာ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင်သစ် တမလန်းဓါးရွေ (၃၃) ချောင်း (၁.၅၀၃၄)တန်၊ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 23, 2019 - 16:15