လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၂၂.၅.၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၃/၇)တွင် မော်တော်ယာဉ်အမှတ်(7L/1576 TOYOTA DYNA (၆)ဘီး ဖြူစိမ်းဝါကြား)ပေါ်မှ တရားမဝင်သစ် ကျွန်းခွဲသား (၃၆) ချောင်း(၄.၁၁၄၆)တန်၊ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 23, 2019 - 16:15