လွိုင်လင်မြို့နယ်၊ မိုင်းနောင်-မိုင်းနန်းသွားကားလမ်းဘေး၊ မိုင်းနန်းကျေးရွာအနီးမှ တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၂၃-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ခလရ(၉)မှ ဗိုလ်ကြီး အောင်ငွေထွန်း ဦးဆောင်သော အဖွဲ့သည် လွိုင်လင်မြို့နယ်၊ မိုင်းနောင်-မိုင်းနန်းသွားကားလမ်း ဘေး၊ မိုင်းနန်းကျေးရွာအနီး၊ ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၅၉၀)ချောင်း (၄.၀၄၇၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 28, 2019 - 11:30