သယံဇာတများရေရှည်တည်တံ့နိုင်စေရန် စီမံအုပ်ချုပ်နိုင်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်း ၏ လုပ်ငန်းစဉ်(၂)ဖြစ်သော(အင်းလေးကန်ရေဝေရေလဲဒေသဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်ခြင်း) ဆိုင်ရာလုပ်ငန်းများစတင်ဆောင်ရွက်ခြင်းအစည်းအဝေးကျင်းပ

သယံဇာတများရေရှည်တည်တံ့နိုင်စေရန် စီမံအုပ်ချုပ်နိုင်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း ( Project for Capacity Building for Sustainable Natural Resource Management - FDSNR ) ၏ လုပ်ငန်းစဉ် (၂) ဖြစ်သော ( အင်းလေးကန် ရေဝေရေလဲဒေသ ဘက်စုံစီမံ အုပ်ချုပ်လုပ်ကိုင်ခြင်း ) ဆိုင်ရာလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း အစည်းအဝေး အား ၂ - ၈ - ၂၀၁၉ ရက်နေ့ နေ့လယ် ( ၁၃ : ၀၀ ) နာရီတွင် ခေါင်တိုင် ( ဟူပင်ဟိုတယ် ) ညောင်ရွှေမြို့တွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က အဖွင့်နှုတ်ခွန်း ဆက်စကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းလေးတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ( မူဝါဒနှင့်စီမံကိန်း ) ဦးကျော်ကျော်လွင်နှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ အရာရှိများ၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ အရာရှိများ၊ FDSNR ၏ JCC Committee မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

date: 
Friday, August 2, 2019 - 14:15