ကသာမြို့နယ်၊ ဝင်္ဂရကျေးရွာအရှေ့ဘက်ကျွန်း၊ ရွှေလီမြစ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ဝင်္ဂရကျေးရွာအရှေ့ဘက်ကျွန်း၊ ရွှေလီမြစ်အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးသစ်/ခွဲသား(၇၇)လုံး/ချောင်း (၉.၄၈၇၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, August 7, 2019 - 14:15