ပေါက်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၁၂-၈-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပေါက်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ်၊ (၃၆၇/၄)နှင့် (၃၆၇/၅)ကြားကားလမ်းအရှေ့ဘက်(၂)ဖာလုံခန့်အကွာ၊ ဆိပ်ဖြူထင်းကြိုးဝိုင်းအကွက်အမှတ်(၂၀)အတွင်း မော်တော်ယာဉ်အမှတ် (MDY 8I/6835) Condor MK-235(၆)ဘီးခေါင်းတိုယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသာ (၈၉)ချောင်း (၉.၂၅၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, August 22, 2019 - 10:30