ကျေးလက်ဒေသဖွံ့ဖြိုးမှုအထောက်အကူပြုဝါးအခြေခံလက်မှုပညာသင်တန်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

၅-၈-၂၀၁၉ မှ ၁၆-၈-၂၀၁၉ ရက်နေ့အထိ (၁၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် သစ်တောဦးစီးဌာနနှင့် Korea Forest Service တို့ပူးပေါင်းကျင်းပသည့် ကျေးလက် ဒေသဖွံ့ဖြိုးမှုအထောက်အကူပြုဝါးအခြေခံလက်မှုပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်း အနားကို ၁၆-၈-၂၀၁၉ ရက်နေ့၊ (၁၅:၀၀)နာရီအချိန်၌ သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခန်းမ တွင်ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)ဦးကျော်ကျော်လွင်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်တို့မှ သင်တန်းဆင်းပွဲ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်မှ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်မှ သင်တန်းတွင် ဆုရရှိသော သင်တန်းသားများအား ဆုများချီးမြှင့်ခဲ့ပါသည်။ ထိုနောက်သင်တန်းသားများ ပြုလုပ်ထားသည့် ဝါးလက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှုပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှအရာထမ်း များ၊ သင်တန်းနည်းပြများ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်နှင့် မင်းလှမြို့နယ်တို့မှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။

date: 
Thursday, August 22, 2019 - 10:45