ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိ သူများအား World Bank အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၇-၈-၂၀၁၉ ရက်နေ့၊ နံနက် (၁ဝ:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိ သူများအား World Bank အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံ၍ World Bank အဖွဲ့အစည်းမှ အဆိုပြုသစ်တောမြေ ပိုင်ဆိုင်လုပ်ကိုင် ခွင့်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ရည်ရွယ်ချက်များနှင့် အလားအလာရှိသည့် အကျိုးကျေးဇူးများကို ဆွေးနွေးရန်၊ အဆိုပါ အကဲဖြတ်ဆန်းစစ်ခြင်းသည် FREDIP စီမံကိန်းလုပ်ငန်းစီမံချက်များရေးဆွဲပြင်ဆင် ခြင်းအပေါ် မည်ကဲ့သို့သက်ရောက်နိုင်သည်၊ အကျိုးပြုနိုင်သည်ကို ဆွေးနွေးရန်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

date: 
Wednesday, August 28, 2019 - 12:45