ပင်လည်ဘူးမြို့နယ်၊ မြေလင်းကျေးရွာ၊ စက်စုရပ်တွင် တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၂၉-၉-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လည်ဘူးမြို့နယ်၊ မြေလင်းကျေးရွာ၊ စက်စုရပ်ရှိ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင်ကျွန်းခွဲသားဆိုဒ်စုံ (၄၄၂)ချောင်း (၆.၆၅၀၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, October 2, 2019 - 10:30